ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ လယ်ဝေးမြို့နယ်တွင် လေပြင်းတိုက်ခိုက်မှု ကြောင့်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး။

ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ လယ်ဝေးမြို့နယ်တွင် လေပြင်းတိုက်ခိုက်မှု ကြောင့်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး။

နေပြည်တော် မေ ၂၆

          နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီလ (၂၁) ရက် ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့် ကံသာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ လေဘေးသင့်ပြည်သူများအား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် () ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မေလ (၂၆) ရက် မွန်းလွဲပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ အောင်မြင်ကုန်း ကျေးရွာသို့သွားရောက်၍ ဝန်ထမ်းများက လေဘေးသင့်ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် () ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး သည်။

         ထို့နောက် ဒုတိယဝန်ကြီးသည် လေဘေးသင့်ရွာသူရွာသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး သွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြန်လည်ဆောင်ရွက်ထုတ်ပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး တာဝန်ရှိသူများအား လုပ်ငန်းများထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေးအတွက် ရုံးလက်ခံစာရင်းများနှင့် တိုက်ဆိုင်ကာ စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ပေးရေး၊ လုပ်ငန်းများ အချိန်တိုအတွင်းပြီးစီးနိုင်ရေးအတွက် လိုအပ်သောဝန်ထမ်းအင်အားများ ထုတ်နုတ်ဆောင်ရွက် နိုင်ရေးမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

     ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် တံတားဦးကျေးရွာများသို့သွားရောက်၍ လေဘေးသင့်ပြည်သူများအား ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် () ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ရွာသူရွာသားများအား လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းကာလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

      ထို့နောက် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်းများကို  သက်ဆိုင်ရာ ကျေးရွာသူ ကျေးရွာသားများထံပေးအပ်ပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများထိရောက်လျှင်မြန်စေရေးအတွက် ဝန်ထမ်းအင်အားထုတ်နုတ်ဖြည့်တင်းဆောင်ရွက်ရေး၊ အိမ်ထောင်စုအလိုက် မွေးဖွားမှုနှင့် သေဆုံးမှုရှိသူများအတွက် တစ်ပါတည်းစာရင်းရေးသွင်းဆောင်ရွက်နိုင်ရေး အိမ်ထောင်စုလူဦးရေစာရင်းမရှိသေးသူ များကိုလည်း စာရင်းပြုစုထားရှိရေး တာဝန်ရှိသူများအားမှာကြားကာ လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။