ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အား ကြည့်ရှု့စစ်ဆေးပြီး သင်္ဃန်းကျွန်းခရိုင် ၊ ရန်ကင်းမြို့နယ်ရှိ လဝက မြို့နယ်ဦးစီးမှူးရုံး၌ Biometric လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေး။

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အား ကြည့်ရှု့စစ်ဆေးပြီး သင်္ဃန်းကျွန်းခရိုင် ၊ ရန်ကင်းမြို့နယ်ရှိ လဝက မြို့နယ်ဦးစီးမှူးရုံး၌ Biometric လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေး။

နေပြည်တော်၊ ဇန်နဝါရီ ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၂၆) ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီး ၊ ပြည်ပထွက်ခွာရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်/ ထွက်ခွာကြသည့်ခရီးသည်များ၏ အချက်အလက်များအားသိမ်းဆည်းသည့် Server Room အား ကြည့်ရှု့စစ်ဆေးပြီး Data Center ရှိ Rack များစစ်ဆေးခြင်း၊ Fire Wall များတပ်ဆင်အသုံးပြုမှု၊ Network Management , Network Monitoring System, Data Security, Human Resource ဆောင်ရွက်ထားရှိမှုတို့အားကြည့်ရှု့ပြီး၊ ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် Partner Associates Co,Ltd , Secure Link Co,Ltd, Myanmar Ease Net Co.Ltd, Mega Link Co.Ltd, တို့မှ တာဝန်ရှိသူများကနည်းပညာပိုင်းဆိုင်ရာများ ရှင်းလင်းခဲ့ပြီးနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်ခရီးသည်များအား ကြိုတင်စစ်ဆေးသည့်စနစ် (Myanmar Advanced Passenger Processing System ,MAPPS) ၏ Command and Control Center Room အား ကြည့်ရှု့စစ်ဆေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်ပထွက်ခွာနှင့် ပြည်ပဆိုက်ရောက် စစ်ဆေးရေးကောင်တာများတွင် ခရီးသည်များစစ်ဆေးနေမှုတို့အားကြည့်ရှု့ပြီး၊ YACL အစည်းအဝေးခန်းမရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ထမ်းများနှင့် တွေဆုံ၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေးနှင့်  တာဝန်ရှိသူအဆင့်ဆင့်မှကြီးကြပ်ဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။

ထိုမှတဆင့်  ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ  ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ လဝကမြို့နယ်ဦးစီးမှူးရုံးသို့  သွား‌ရော ဝန်ထမ်းများမှ e-ID လုပ်ငန်းဆောင်ရွက်နေမှု၊ Biometric လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးပြီးနောက် လုပ်ငန်းများအား စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။