ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး။

နေပြည်တော်၊ ဧပြီ ၂၉ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၉ ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၏ သတ်မှတ်နေရာအသီးသီး၌ ကျင်းပလျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့အင်အားဦးစီးဌာန၏ ကွန်ပျူတာခန်းမ၌ ကွန်ပျူတာစစ်ဆေးသည့်နေရာသို့ ရောက်ရှိကြည့်ရှုအားပေးရာ စစ်ဆေးရေးကြီးကြပ်အဖွဲ့မှ တာဝန်ရှိသူများက ကွန်ပျူတာဝင်ရောက်ဖြေဆိုမှုနှင့် အဖွဲ့ခွဲအလိုက် စစ်ဆေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြေဆိုသူများ အဆင်ပြေစွာ မှန်မှန်ကန်ကန်ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးရန်မှာကြားပြီးနောက် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်၍ အဖွဲ့ခွဲအလိုက် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းဆောင်ရွက်နေသည့် နေရာအသီးသီးသို့လည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ကွန်ပျူတာခန်း၌ကွန်ပျူတာစစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ လာရောက်ဖြေဆိုသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဌာန၏ အဓိကလုပ်ငန်းတာဝန်များအပြင် နိုင်ငံတော်အတွက် အဓိကလက်ငင်းဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ အင်ပြည့်အားပြည့်ဝင်ရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဌာန၌ လစ်လပ်လျက်ရှိသည့် ဝန်ထမ်းများဖြည့်တင်းနိုင်ရန် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အမျိုးသား (၁၂၀) ဦး ၊ အမျိုးသမီး (၃၀) ဦး စုစုပေါင်း (၁၅၀) ဦးခန့်ထားနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ထမ်းလျှောက်လွှာများခေါ်ယူ၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား မတ်လ (၁၆) ရက်က သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ အင်္ဂလိပ်စာရေးဖြေစာမေးပွဲများ ကျင်းပခဲ့ရာ အဆိုပါရေးဖြေစာမေးပွဲအောင်မြင်ကြသူများအား ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းတို့ကို ဧပြီလ (၂၉) ရက်နှင့် (၃၀) ရက် တို့တွင် နေပြည်တော် (ရုံးချုပ်) ၌ ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ဆေးမှုအောင်မြင်သူများအား ဝန်ထမ်းခန့်ထားရေး လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။