ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်သူ့အင်အားဦးစီးဌာန
နေပြည်တော်
လျှောက်လွှာခေါ်ယူခြင်း
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်
(၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်)
၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနတွင် ယာယီနေ့စား (၁၀၀) ဦး ခန့်ထားရန်အတွက် ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူများသည် ရွေးချယ်ခြင်းခံရပါက ပြည်သူ့အင်အားဦးစီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော် တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး-
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) အနည်းဆုံး အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
(ဂ) ကျန်းမာရေးကောင်းမွန်ပြီး တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်သူ အိမ်ထောင် မရှိသူ လူပျို/ အပျို ဖြစ်ရမည်။
(ဃ) (၃၁-၁၂-၂၀၂၄) ရက်နေ့တွင် အသက် (၃၀) နှစ်ထက် မကျော်စေရ။
(င) ကွန်ပျူတာကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
(စ) အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော မည်သည့်အကြမ်းဖက်အဖွဲ့အစည်း များနှင့်မှ ပါဝင်ပတ်သက်ခြင်း မရှိသူဖြစ်ရမည်။
၃။ လျှောက်လွှာပုံစံအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့ အင်အားဦးစီးဌာန၊ ရုံးအမှတ်(၄၈)နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများတွင် လူကိုယ်တိုင်လာရောက်ရယူ၍လည်းကောင်း၊ ပြည်သူ့အင်အားဦးစီးဌာန၏ www.dop.gov.mm Website တွင် download ရယူနိုင်ပြီး လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲ၍ ပြည်သူ့အင်အားဦးစီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်သို့ (၂၉-၁၁-၂၀၂၄) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် -
(က) ဘွဲ့လက်မှတ်မိတ္တူ/ အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(ဂ) အိမ်ထောင်စုစာရင်းမိတ္တူ
(ဃ) အလုပ်သမားမှတ်ပုံတင်မိတ္တူ
(င) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် အပျို/လူပျို ဖြစ်ကြောင်း ဌာနဆိုင်ရာ အရာရှိ/ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထောက်ခံချက်
(စ) လျှောက်လွှာနှင့်အတူ ပြစ်မှုကင်းရှင်းကြောင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော မည်သည့်အကြမ်းဖက်အဖွဲ့အစည်းများနှင့်မှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာမူရင်းနှင့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံ ပူးတွဲတင်ပြရမည်။
(ဆ) ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း ကတိဝန်ခံချက်(လက်ရေးမူဖြင့်)
(ဇ) ပြန်တမ်းဝင်အရာရှိတစ်ဦးဦး၏ ထောက်ခံချက်
(ဈ) စာပိုဒ် (၃) (က) မှ (ဇ) ပါ အထောက်အထားများ အပြည့်အစုံမိတ္တူ (၁) စုံ
၄။ အစိုးရဌာနများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ ဝင်ရောက်ဖြေဆိုခွင့် မပြုပါ။
၅။ လျှောက်ထားသူများသည် လူတွေ့နှုတ်ဖြေကိုနေပြည်တော်တွင် ဖြေဆိုရမည်ဖြစ်ပါသည်။ ဖြေဆိုမည့်နေ့ရက်အား ရုံးအမှတ် (၄၈) နှင့် ပြည်သူ့အင်အားဦးစီးဌာန၏ www.dop.gov.mm Website တွင် ကြိုတင်ကြော်ငြာပေးပါမည်။
၆။ လျှောက်လွှာတွင် ဖော်ပြချက်များနှင့် အထောက်အထားစာရွက်စာတမ်းများသည် မှန်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ထုတ်ပယ်ခြင်းခံရမည်။
၇။ အသေးစိတ်သိရှိလိုပါက ပြည်သူ့အင်အားဦးစီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းအမှတ် ၀၆၇-၄၃၁၃၅၇၊ ၀၆၇-၄၃၁၃၆၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။