ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပုသိမ်မြို့ရှိ စက်တော်ရာဘိုးဘွားရိပ်သာ၌ အဘိုးအဘွား များအား တွေ့ဆုံကာ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိကိုင်ဆောင်ထားရှိမှုမေးမြန်း၍ စားသောက်ဖွယ်ရာများ လှူဒါန်း။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပုသိမ်မြို့ရှိ စက်တော်ရာဘိုးဘွားရိပ်သာ၌ အဘိုးအဘွား များအား တွေ့ဆုံကာ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိကိုင်ဆောင်ထားရှိမှုမေးမြန်း၍ စားသောက်ဖွယ်ရာများ လှူဒါန်း။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၂၆ ရက်၊ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ စက်တော်ရာဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာမှ တာဝန်ရှိသူ များနှင့် အဘိုးအဘွားများအား တွေ့ဆုံကာ အဘိုးအဘွားများအနေဖြင့် မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးနှင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်ထားရှိမှု၊ နိုင်ငံသားကတ်ပြား ပျောက်ဆုံး/ပျက်ဆီး ပါက မိတ္တူလျှောက်ထား ကိုင်ဆောင်နိုင်ရေးနှင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေး ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ အဘိုးအဘွားများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှုမေးမြန်းကာ စားသောက်ဖွယ်ရာများကို အဘိုးအဘွား တစ်ဦးချင်းထံ လိုက်လံဝေငှ လှူဒါန်းပေးအပ်ပြီး အဘိုးအဘွားများအား ရှိခိုးကန်တော့ရာ အဘိုးအဘွားများက ပြန်လည်မေတ္တာပို့သ ဆုတောင်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများအား ရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းပြီး အဘိုးအဘွား များ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်မှုနှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးရန်ရှိပါက ဆွေးနွေးပြောကြားနိုင်ရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အဘိုးအဘွားများအား နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။