ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဝန်ကြီး ဌာနနှင့် ပိုမိုနီးကပ်စွာလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဝန်ကြီး ဌာနနှင့် ပိုမိုနီးကပ်စွာလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား ဒီဇင်ဘာလ (၃)ရက်၊ ယနေ့နံနက် (၁၀) နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်း အောင်မြင်စွာကောက်ယူပြီးစီးမှုနှင့် ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ပြီးစီးမှု၊  ဝန်ကြီး ဌာနနှင့် UNFPA တို့အကြား နှစ်ဖက်သဘောတူထားသည့် လုပ်ငန်းစီမံကိန်းပါလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ကာလအတွင်း ပြီးစီး နိုင်မည့် လုပ်ငန်းများကိုသာ လျာထားဆောင်ရွက်နိုင်ရေးအခြေအနေ၊ UNFPA ၏ နိုင်ငံခြားသား ဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် လုပ်ထုံး လုပ်နည်းနှင့်အညီခွင့်ပြုဆောင်ရွက်ပေးမှု၊ UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများနှင့် ဒေသခန့် ဝန်ထမ်းများစာရင်းအား ဝန်ကြီးဌာနသို့ ပြုစုပေးပို့ထားရန်လိုအပ်မှုနှင့် ယင်းသို့ဆောင်ရွက် ထားမှသာ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုများနှင့် အထွေထွေ ရွေးကောက်ပွဲကျင်းပဆောင်ရွက်မည့်အခြေအနေ၊ UNFPA အနေဖြင့် ဝန်ကြီးဌာနနှင့် နီးကပ်စွာဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ တို့နှင့်စပ်လျဉ်း၍ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။