ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှု လှည့်လည်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှု လှည့်လည်ကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၂ ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်သို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန စမ်းချောင်းမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး မလျှောက်ထားသေးသူများအား ပန်းခင်းစီမံချက် အဆင့်()ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်()ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်း အတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ မဲပေးပိုင်ခွင့် ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထားဆောင် ရွက်ကြရန်မှာကြာပြီး တာဝန်ရှိသူများ၏လိုက်လံရှင်းလင်းတင်ပြချက်များ အပေါ်အပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အလုံခရိုင်ဦးစီး မှူးရုံးအတွင်းဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုလှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီပြီးစီးအောင်မြင်စေရေး ဆက်စပ် ဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေး ၊လုံခြုံရေးအသိ ၊လုံခြုံရေးသတိ အမြဲရှိစေရေးမှာ ကြားကာ တာဝန်ရှိသူများအားလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ခရိုင်နှင့်မြို့နယ်ရုံး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်၍  ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။