ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနိုင်ရေးမဲရုံများ ပြင်ဆင်ထားရှိမှုလှည့်လည်ကြည့်ရှုစစ်ဆေး၊ကျောင်းတိုက်အသီး သီးရှိ ဆရာတော်ကြီးများအား လှူဖွယ်ဝထ္ထုများဆက်ကပ်လှူဒါန်း။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၌ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနိုင်ရေးမဲရုံများ ပြင်ဆင်ထားရှိမှုလှည့်လည်ကြည့်ရှုစစ်ဆေး၊ကျောင်းတိုက်အသီး သီးရှိ ဆရာတော်ကြီးများအား လှူဖွယ်ဝထ္ထုများဆက်ကပ်လှူဒါန်း။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်‌မှုဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများ နှင့်အတူ ဇန်နဝါရီလ(၉)ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့နယ်၊ ကျုံမငေး မြို့၊ နဒီအောင်မြေရပ်ကွက်ရှိ မဲရုံအမှတ်(၁)သို့သွားရောက်၍ လာမည့် ဇန်နဝါရီလ (၁၁)ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနိုင်ရေးအတွက် မဲရုံ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်း‌ဆောင်ရွက်ပေးသည်။

ဇန်နဝါရီလ(၁၀)ရက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ်၊ ကျွန်းပြဿဒ်ကျေးရွာသို့ သွားရောက်၍ ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဖွင့်လှစ် ထားရှိသည့် ကျွန်းပြဿဒ်ကျေးရွာအုပ်စု မဲရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများ ကြေညာထားရှိမှု၊ MEVM မဲပေးစက်များ အခြေအနေနှင့်နေရာချမှု၊ ကြိုတင်မဲပေးမှုနှင့် ပြည်သူ များလာရောက်မဲပေးရာတွင်အဆင်ပြေစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မဲပေးနိုင်ရေးဆောင်ရွက်ထားရှိသည့် အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားကာ မဲရုံမှတာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

အဆိုပါနေ့ရက်များတွင် ပြည်ထောင်စုဝန်ကြီးသည် ကျုံမငေးမြို့၊ စက်ရုံဓမ္မာရိပ်သာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကြီးအား လှူဖွယ်ဝထ္ထုပစ္စည်းများကိုလည်းကောင်း၊ ရွှေသုဿန်ကျောင်းမှကျောင်းထိုင်ဆရာတော်အား Wheel Chair တစ်စုံနှင့်လှူဖွယ်ဝထ္ထုပစ္စည်း များကိုလည်းကောင်း၊ကျွန်းပြဿဒ်ကျေးရွာ၊ ရွာလယ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အား လှူဖွယ်ဝထ္ထုပစ္စည်းများကိုလည်းကောင်း၊ မြတ်စွယ်တော် ဈေးကျောင်းပရိယတ္တိစာသင် တိုက်မှ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝထ္ထုပျစ္စည်းများကိုလည်းကောင်း အသီးသီးသွား ရောက်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်းသတင်း ရရှိသည်။