မြန်မာနိုင်ငံတွင် အပျိုဦးရေ များနေ၍ သားဖွားနှုန်းကျဆင်းဟု သန်းခေါင်စာရင်း အစီရင်ခံစာ ဖော်ပြ

မြန်မာနိုင်ငံတွင် အပျိုဦးရေ များနေ၍ သားဖွားနှုန်းကျဆင်းဟု သန်းခေါင်စာရင်း အစီရင်ခံစာ ဖော်ပြ

မြန်မာနိုင်ငံတွင် အပျိုဦးရေ များနေ၍ သားဖွားနှုန်းကျဆင်းဟု သန်းခေါင်စာရင်း အစီရင်ခံစာ ဖော်ပြ

သန်းခေါင်စာရင်းက ရရှိသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် သားဖွားနှုန်း ကျဆင်းနေပြီး ယင်းသို့ ကျဆင်းရခြင်းမှာ အိမ်ထောင်မပြုသည့် အပျိုဦးရေ များပြားနေ၍ ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ နေပြည်တော်ရှိ MICC ခန်းမတွင် မေလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် မီဒီယာများကို ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ြ မန်မာနိုင်ငံတွင် အမျိုးသမီး ၂၆ သန်းကျော် ရှိသည့်အနက် အသက် ၁၅ နှစ်အထက် ၂၉ ရာခိုင်နှုန်းကျော်မှာ အိမ်ထောင်မပြုသည့် အပျိုများဖြစ်ကြောင်း သန်းခေါင်စာရင်း ပင်မအစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ် ၄၉ နှစ်ကြား အမျိုးသမီးများကို အခြေခံတွက်ချက်ထားချက်အရ ကလေးမွေးဖွားနှုန်းမှာ ၂ ဒသမ ၃ ဖြစ်ပြီး အိမ်ထောင်ကျဖူးသည့် အမျိုးသမီးများကိုသာ အခြေခံတွက်ချက်ပါက မွေးဖွားနှုန်းမှာ ၄ ဒသမ ၀၃ ဖြစ်နေကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ရှင်းပြသည်။
“မြန်မာနိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျတာက အပျိုတွေ များနေလို့ပါ” ဟု ၎င်းကပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ယူခဲ့သည့် စာရင်းများအရ အသက် ၁၀ နှစ်အောက် လူဦးရေပမာဏမှာ အများဆုံး ဖြစ်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ကောက်ယူရရှိသည် စာရင်းတွင် အသက် ၁၀ နှစ်အောက် လူဦးရေပမာဏမှာ ထိုးကျနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်။အသက် ၁၀ နှစ်နှင့် ၁၄ နှစ်ကြား လူဦးရေပမာဏမှာ အမြင့်ဆုံးတွင် ရောက်ရှိနေသဖြင့် နောင်နှစ်ပေါင်း ၂၀ ခန့်အထိ အလုပ်လုပ်ကိုင်နိုင်သူဦးရေ များပြားမှုဖြစ်သည့် လူဦးရေဆုလဒ်ကို ပိုင်ဆိုင်ထားကြောင်း၊ သို့သော် လည်း မွေးဖွားနှုန်း ထိုးကျနေသဖြင့် ယင်းကာလနောက်ပိုင်းတွင် အသက်အရွယ်ကြီးသူ ပမာဏမှာ မြင့်တက်လာသည့်ပြဿနာနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း၎င်းကဆိုသည်။မြန်မာနိုင်ငံတွင် အမျိုးသား ၂၄ သန်းကျော် ရှိသည့်အနက် မုဆိုးဖို ပမာဏမှာ ၃ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပြီး မုဆိုးမ ပမာဏမှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းတွင် ရှိနေကြောင်း၊ အသက် ၁၅ နှစ်အထက် အသက်အရွယ်တွင် အမျိုးသား ၆၁ ရာခိုင်နှုန်းကျော်မှာ အိမ်ထောင်ရှိပြီး အမျိုးသမီးတွင်မှု ၅၇ ရာခိုင်နှုန်းသာ အိမ်ထောင်ရှိသူများ ဖြစ်ကြောင်း ပင်မသန်းခေါင်စာရင်း အစီရင်ခံစာတွင် ဖော်ပြသည်။အမျိုးသမီးများ မှာ အသက် ၃၅ နှင့် ၄၀ ကြားတွင် မုဆိုးမဘဝသို့ ရောက်ပြီး အမျိုးသားများမှာ အသက် ၅၅ နှစ်တွင် မုဆိုးဖိုဖြစ်နေကြောင်း ယင်းအစီရင်ခံစာတွင်ဖော်ပြသည်။
သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ဝန်ကြီးဌာများမှ အကြီးအကဲများ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် ဘီဂျေနမ်ဘီးယား၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။သန်းခေါင်စာရင်း အချက်အလက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁,၄၈၆,၂၅၃ ဦး (၅၁ သန်းကျော်) ရှိပြီး အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် ၁၈ သိန်း ပိုများပြားနေသည်။

Ref; Highlight of the Census 2014