၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းမှရရှိသောအချက်အလက်များကို အခြေခံ၍အသေးစိတ် သုတေသနအစီရင်ခံစာများ ရေးသားခြင်းလုပ်ငန်းအတွက် အချက်အလက် အသုံးပြုသူများနှင့် အလုပ်ရုံဆွေးနွေးပွဲ

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းမှရရှိသောအချက်အလက်များကို အခြေခံ၍အသေးစိတ် သုတေသနအစီရင်ခံစာများ ရေးသားခြင်းလုပ်ငန်းအတွက် အချက်အလက် အသုံးပြုသူများနှင့် အလုပ်ရုံဆွေးနွေးပွဲ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရလဒ်များကိုအခြေခံ၍ အသေးစိတ်သုတေသန အစီရင်ခံစာ များ ရေးသား ခြင်းလုပ်ငန်းအတွက် အချက်အလက် အသုံးပြုသူများနှင့် အလုပ်ရုံဆွေးနွေးပွဲကို (၁၄.၈.၂၀၁၅) ရက်နေ့တွင် နေပြည်တော်ရှိ၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပါသည်။

          အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်နှင့် UNFPA မှ ကိုယ်စားလှယ်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစိုးရဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာမှအလှူရှင်များ၊ နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ နိုင်ငံတကာအကြံပေးများ စုစုပေါင် (၁၁၁)ဦးတက်ရောက်ခဲ့ ပါသည်။                                         

ပြည်သူ့အင်အားဦးစီးဌာန မှ ညွှန်ကြားရေးမှူ း ဒေါက်တာညီညီနှင့် ညွှန်ကြားရေးမှူ း ဒေါက်တာခိုင်ခိုင်စိုးတို့မှ ညှိနှိုင်းဆွေးနွေးပွဲရည်ရွယ်ချက်နှင့် သန်းခေါင်စာရင်းဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကိုတင်ပြ ခဲ့ပါသည်။

အသေးစိတ်အစီရင်ခံစာများတွင်ပါဝင်သည့် အဓိကအချက်များအား အောက်ပါပုဂ္ဂိုလ်တို့မှ တင်ပြခဲ့ကြပါသည်-

(က)    Mr. Griffith Magargal Feeney မွေးဖွားခြင်းနှင့်လက်ထပ်ထိမ်းမြားခြင်း(Fertility and Nuptiality)၊

(ခ)     Mr. Ricardo Federico Neupert Salinas သေဆုံးခြင်း (မွေးဖွားမိခင် သေဆုံးခြင်းအပါအဝင်) (Mortality including Maternal Mortality)၊

(ဂ)     Mr. Michael Philip Guest ပြောင်းရွှေ့သွားလာခြင်းနှင့်မြို့ပြထွန်းကားလာခြင်း (Migration and Urbanization)၊

                        (ဃ)    Mr. Liem Thanh Nguyen  မသန်စွမ်းမှု(Disability)၊

          အဆိုပါဆွေးနွေးပွဲတွင်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများမှ ခေါင်းစဉ်အလိုက်အစုအဖွဲ့များဖွဲ့၍အစီရင်ခံစာများတွင်ပါဝင်သင့်သည့်အချက်များအား

            ဆွေးနွေး၍အဖွဲ့လိုက်   ပြန်လည်တင်ပြခဲ့ကြပါသည်။