မွန်ပြည်နယ်သန်းခေါင်စာရင်းအချက်အလက်များဖြန့်ဝေခြင်းအခမ်းအနားကျင်းပ

မွန်ပြည်နယ်သန်းခေါင်စာရင်းအချက်အလက်များဖြန့်ဝေခြင်းအခမ်းအနားကျင်းပ

၂၃၊ ၉၊ ၂၀၁၅  

မွန်ပြည်နယ်အတွင်း ကောက်ယူခဲ့သော ၂ဝ၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းမှ အချက်အလက်များကိုအစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အသုံးပြုမည့်ပုဂ်္ဂိုလ်များထံသို့ စက်တင်ဘာ ၂၃ရက် က ဖြန့်ဝေပေးခဲ့ပါသည်။ မော်လမြိုင်မြို့ အောင်ဆန်းခန်းမ၌ကျင်းပသည့်သန်းခေါင်စာရင်းအချက်အလက်များ ပြည်နယ်အဆင့် ဖြန့်ဝေခြင်းအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်ကအမှာစကား ပြောကြားပြီး ၂ဝ၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းနှင့် ပတ်သက်သည့်အချက်များကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစန်းဝေက ရှင်းလင်း တင်ပြခဲ့ပါ သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာများစသည့်ကိစ္စရပ်များကိုဆောင်ရွက်ရာတွင်လူဦးရေသန်းခေါင်စာရင်းပါအချက်များကိုအသုံးပြုခြင်းဖြင့် ပိုမိုအကျိုးရှိထိရောက် စွာ ဆောင်ရွက်နိုင်ရန် အတွက်အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အသုံးပြုမည့်ပုဂ်္ဂိုလ်များထံသို့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်းသိရသည်။ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်ပြည်နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။