သန်းခေါင်စာရင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့်အသိပညာပေးလုပ်ငန်း နည်းပြသင်တန်းများဖွင့်လှစ်ပို့ချ

သန်းခေါင်စာရင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့်အသိပညာပေးလုပ်ငန်း နည်းပြသင်တန်းများဖွင့်လှစ်ပို့ချ

၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို အချက်အလက် အသုံးပြု သူများဖြစ်သည့် တိုင်းဒေသကြီး / ပြည်နယ်ဒေသဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ မီဒီယာများနှင့်ပြည်သူများမှ အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ အလွယ်တကူ လက်လှမ်းမှီစွာရရှိနိုင်ရန်နှင့် နားလည်လွယ်ကူသည့် အချက်အလက်များဖြစ်စေရန် လိုအပ်လာပါသည်။

ထိုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း သန်းခေါင်စာရင်း အချက်အလက်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းအတွက် အလုပ်ရုံဆွေးနွေးပွဲသင်တန်း ပြန်လည်ပို့ချပေးမည့် အရာရှိ/နည်းပြများ သင်တန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ နေပြည်တော်တွင် ပို့ချဆောင်ရွက်လျက်ရှိပါသည်။ သင်တန်း တစ်ပတ်စဉ်လျှင် (၅) ရက်နှုန်းဖြင့် အောက်ပါအတိုင်း ပို့ချ ဆောင်ရွက်လျက်ရှိပါသည်-

          (က)    သင်တန်းအမှတ်စဉ် (၁) (၁၄.၉.၂၀၁၅) မှ (၁၈.၉.၂၀၁၅)ထိ

          (ခ)     သင်တန်းအမှတ်စဉ် (၂) (၂၈.၉.၂၀၁၅) မှ (၂.၁၀.၂၀၁၅)ထိ

          (ဂ)     သင်တန်းအမှတ်စဉ် (၃) (၅.၁၀.၂၀၁၅) မှ (၉.၁၀.၂၀၁၅)ထိ

          တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် သင်တန်းများပြန်လည်ပို့ချမည့် နည်းပြ အဖွဲ့တစ်ဖွဲ့လျှင် ပြည်သူ့အင်အားဦးစီးဌာနမှ(၁)ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ (၁)ဦးနှင့် လူမှုအဖွဲ့အစည်းမှ (၁) ဦး၊ စုစုပေါင်း(၃)ဦးနှုန်းဖြင့်သင်တန်းအမှတ်စဉ်(၃)ခုအတွက် စုစုပေါင်းသင်တန်းသား(၅၄)ဦးအားသင်တန်းပို့ချပေးလျက်ရှိပါသည်။