
ကယားပြည်နယ်သန်းခေါင်စာရင်းအချက်အလက်များဖြန့်ဝေခြင်းနှင့်အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ ၂၈ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကယားပြည်နယ် တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ INGO များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း (၁၅ဝ)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင်ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးတင်မှအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကယားပြည်နယ်မှူ း ညွှန်ကြားရေးမှူ း ဦးစိုင်းဘုန်းတင့်မှသန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များကို PowerPoint ဖြင့် ရှင်းလင်းတင်ပြပါသည်။ ကယားပြည်နယ်၊ပြည်နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဌဦးမင်းယုရှိန်မှ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် စာအုပ်များ၊ DVD ခွေများအား ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ ကိုယ်စား ပြည်နယ်ရ/သုံးမှန်းခြေငွေစာရင်းဦးစီးဌာနပြည်နယ်မှူး ညွှန်ကြားရေးမှူူ း ဦးနိုင်နိုင်ဝင်းထံသို့ လည်းကောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ကိုယ်စား လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ထံသို့ လည်းကောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ကိုယ်စား လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ ထံသို့လည်းကောင်း ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကာ တက်ရောက်လာသူများအား လ္ဘဘက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
လွိုင်ကော်ခရိုင်အနေဖြင့် သန်းခေါင်စာရင်း အချက်အလက်များဖြန့်ဝေခြင်းနှင့် အသိပညာပေး ပေးအလုပ်ရုံဆွေးနွေးပွဲ (၂၉.၉.၂ဝ၁၅ မှ ၁.၁ဝ.၂ဝ၁၅)ရက်နေ့အထိ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွှက်၊ ဆောင်းရိပ်မွန်စားသောက်ဆိုင်ခန်းမတွင်လည်းကောင်း၊ ဘောလခဲခရိုင်အနေဖြင့် (၅.၁ဝ.၂ဝ၁၅ မှ ၇.၁ဝ.၂ဝ၁၅)ရက်နေ့အထိ ဘောလခဲမြို့နယ်၊ဘုရင့်နောင်ခန်းမတွင် လည်းကောင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။




