
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကောက်ယူခဲ့သော ၂ဝ၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းမှ အချက်အလက်များကိုအစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အသုံးပြုမည့်ပုဂ်္ဂိုလ်များထံသို့ အောက်တိုဘာ ၆ရက်က ဖြန့်ဝေပေးခဲ့ပါသည်။ ထားဝယ်မြို့မြို့တော်ခန်းမ၌ ကျင်းပသည့် သန်းခေါင်စာရင်း အချက်အလက်များ တိုင်းဒေသကြီးအဆင့် ဖြန့်ဝေခြင်းအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဝင်းဆွေမှ သန်းခေါင်စာရင်း အချက်အလက်များနှင့်ပတ်သက်ပြီးအမှာစကား ပြောကြားပါသည်။ ၂ဝ၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းနှင့် ပတ်သက်သည့်အချက်များကို တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းလွင်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒေသဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာများစသည့်ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လူဦးရေသန်းခေါင်စာရင်းပါအချက်များကိုအသုံးပြုခြင်းဖြင့် ပိုမိုအကျိုးရှိထိရောက် စွာ ဆောင်ရွက်နိုင်ရန် အတွက်အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အသုံးပြုမည့်ပုဂ်္ဂိုလ်များထံသို့ ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်းသိရသည်။အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် သန်းခေါင်းစာရင်းကော်မတီဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများတက်ရောက်ကြပါသည်။




