ရှမ်းပြည်နယ် (အရှေ့ပိုင်း) သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များဖြန့်ဝေခြင်း အခမ်းအနား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များဖြန့်ဝေခြင်း အခမ်းအနား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျိုင်းတုံမြို့တော်ခန်းမတွင် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များဖြန့်ဝေခြင်း အခမ်းအနား (Launching Ceremony)အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျိုင်းတုံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးခိုင်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွဲဖက်ပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုသော်မှ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ကြွရောက်လာကြသော စစ်ဖက်ဆိုင်ရာ အရာရှိများ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့ိနယ်အဆင့်များမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုပ်သားပြည်သူပေါင်း ၄၃၂ ဦးတို့အား သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ အား ဖြန့်ဝေပေးပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။