နေပြည်တော် ဇူလိုင် ၁၁ ၂ဝ၁၈ ခုနှစ်
ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ သူရ ဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာဝင်းသိမ်း၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများနှင့် သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုနှင့် သားဖွား ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် များ၊ INGO, NGO များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ၁၉၈၉ ခုနှစ်တွင် စတင် အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာ့ လူဦးရေ သန်း ၅ဝဝဝ ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကုလသမဂ္ဂက ကမ္ဘာ့ လူဦးရေနေ့အဖြစ် ၁၉၈၉ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး တွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြသနာများကို အာရုံစိုက်မိလာစေရန်အတွက် ၁၉၉ဝ ပြည့်နှစ်ကစ၍ “ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနား”ကို နှစ်စဉ်ကျင်းပခဲ့ကြခြင်း ဖြစ်ပါကြောင်း။ ယခုနှစ် ကမ္ဘာ့လူဦးရေနေ့၏ဆောင်ပုဒ်မှာ “လူ့အခွင့်အရေးအခြေခံလို့ မိသားစု စီမံကိန်းဖော်ဆောင်စို့’’ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း အရေးကြီးသည့် ယခုကဲ့သို့ အထိမ်းအမှတ်နေ့ အခမ်းအနားများကို နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း။ မိသားစုစီမံကိန်းဖော်ဆောင်ခြင်းအားဖြင့် လိုချင်သည့် ကလေးအရေအတွက်ကို ရယူနိုင်မည်ဖြစ်ပြီး သားဆက်ခြားကာလကိုလည်း ဆုံးဖြတ်နိုင်မည်ဖြစ် ပါကြောင်း၊ မိသားစုစီမံကိန်းကို လက်လှမ်းမီ ရယူနိုင်မည်ဆိုပါက သားဖွား မိခင်သေဆုံးမှုကို ၃ဝ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ပြီး အသက်ငါးနှစ် အောက်ကလေးသေဆုံးမှုကိုလည်း ၂၁ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ပါ ကြောင်း၊ ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသသအတွင်းတွင် သားဖွားမိခင် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့လူဦးရေ နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား ပါဝင်နေပြီး ကလေး အရှင်တစ်သိန်း မွေးဖွားတိုင်း မိခင် (၂၈၂) ဦး သေဆုံး လျက်ရှိကြောင်းနှင့် နှစ်စဉ် မြန်မာနိုင်ငံ တွင် မိခင် (၂၇ဝဝ) ခန့်သည် ကိုယ်ဝန် ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ်တွင် သေဆုံးနေသည် ဟုစာရင်းများအရ သိရှိရပါကြောင်း၊ သားဖွားမိခင်သေဆုံးမှု အရေအတွက်တွင် သားပျက်/သား လျှောခြင်းကြောင့် သေဆုံးမှုရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးနှုန်း၏ (၁၂) ရာခိုင်နှုန်းရှိပြီး မိခင်သေဆုံးရခြင်း အကြောင်းရင်းများတွင် သားပျက်/ သားလျှောခြင်းကြောင့် သေဆုံးမှုမှာ တတိယအများဆုံး ဖြစ်သည်ဟုသိရှိရပါကြောင်း၊ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း အမျိုးသမီးငယ်များသည် သားပျက်/သားလျှောနှုန်း အမြင့်ဆုံးကြုံတွေ့နေရပြီး မိခင်နှင့် မွေးကင်းစကလေး သေဆုံးမှုများ၊ နာမကျန်းဖြစ်မှုများကို လျှော့ချနိုင်ရန်အတွက် မိခင်နှင့် ကလေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်း အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုအပ်ပြီး ယင်းနှင့်တိုက်ရိုက်ဆက်စပ်နေသည့် မိသားစုစီမံကိန်းနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ အရည်အသွေးပိုမိုကောင်းမွန် အောင်နှင့် လူတိုင်းလက်လှမ်းမီအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း။ ကလေး မွေးဖွားနှုန်းမြင့်မား ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက် မှုအရ ယနေ့က္ဘာ့လူဦးရေသည် ၇ ဒသမ ၆ ဘီလီယံခန့် ရှိနေပြီဖြစ်ပါကြောင်း၊ ခရစ်နှစ် ၂ဝ၃ဝ တွင် နောက်ထပ် ၁ ဘီလီယံတိုးလာပြီး ခရစ်နှစ် ၂၁ဝဝ တွင် ၄ ဘီလီယံ ထပ်မံတိုးလာလိမ့်မည် ဟု ခန့်မှန်းထားကြပါကြောင်း၊ ဖွံ့ ဖြိုးဆဲနိုင်ငံ အများစုတွင် ကလေးမွေးဖွားနှုန်းမြင့်မားနေပြီး ကလေးမွေးဖွားနှုန်းမြင့်မားခြင်း သည် ဆင်းရဲနွမ်းပါးမှုနှင့် ဆက်စပ် နေပါကြောင်း၊ ယနေ့ကာလတွင် လူဦးရေတိုးနှုန်းကို လျှော့ချရန် နည်းလမ်းများ စွာရှိနေသည့်အထဲမှ အထိရောက်ဆုံး နည်းလမ်းတစ်ခုမှာ “မိသားစုစီမံကိန်း နည်းလမ်းများ” ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ပံ့ပိုးပေးခြင်း ဖြစ်ပါ ကြောင်း။ စိန်ခေါ်မှုများစွာရှိ ၂ဝ၁၅ ခုနှစ်တွင် ကောက်ယူခဲ့သည့် မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းအရ အိမ်ထောင်သည် အမျိုးသမီး (၅၂) ရာခိုင်နှုန်းသည် မိသားစုစီမံကိန်း နည်းလမ်းများကို အသုံးပြုလျက် ရှိပါကြောင်း၊ အဆိုပါ (၅၂) ရာခိုင်နှုန်းအနက် ခေတ်မီနည်းလမ်းများကို အသုံးပြုမှုမှာ (၅၁) ရာခိုင်နှုန်းရှိပြီး ၁ ရာခိုင်နှုန်းမှာ မိရိုးဖလာနည်းလမ်းကိုသာ အသုံးပြုနေသည်ဟု သိရှိရ ပါကြောင်း၊ သို့သော် မျိုးဆက်ပွားနိုင်သည့် အသက်အရွယ် အတွင်းတွင်ရှိသည့် အိမ်ထောင်သည် အမျိုးသမီး ၁၆ ရာခိုင်နှုန်းမှာ ခေတ်မီသားဆက်ခြားနည်းလမ်းများ သုံးချင်သော်လည်း အသုံးပြုနိုင်မှုမရှိခြင်း၊ အိမ်ထောင်သည် အမျိုးသမီး ၅ ရာခိုင်နှုန်း မှာ ကလေးတစ်ဦးနှင့်တစ်ဦး အကြား အချိန်အတိုင်းအတာ တစ်ခုခြားလို ခြင်း၊ အိမ်ထောင်သည်အမျိုးသမီး ၁၁ ရာခိုင်နှုန်းမှာ မွေးဖွားမှုကိုကန့်သတ်လိုခြင်း စသည့်စိန်ခေါ်မှုများစွာရှိနေသည်ကိုလည်း သိရှိရပါကြောင်း။ မိသားစုစီမံကိန်း ဖော်ဆောင်ခြင်း ဖြင့် လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အပံ့ဖြစ်စေပြီး အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများ၏ လူမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိသားစုစီမံကိန်းများ ဖော်ဆောင်မည်ဆိုပါက သားဖွား မိခင်များ၊ မွေးကင်းစကလေးငယ်များနှင့် ကလေးများအချိန်မတိုင်မီ သေဆုံးမှုကို ကာကွယ် ပေးခြင်း၊ နာမကျန်းမှုနှင့် မသန်စွမ်းမှုအခြေအနေများကို ကာကွယ်ပေးခြင်း၊ လုပ်သား အင်အားစုတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေခြင်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချ ပေးခြင်း၊ ကလေးများတွင် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရလဒ်ကောင်းများ ဖြစ်ထွန်းစေခြင်း၊ စာသင်ကြားခွင့် ပိုရရှိစေခြင်းဖြင့် ပညာတတ်ကလေးငယ်များ ပိုမိုများပြားလာစေခြင်း၊ ပိုမိုကျန်းမာပျော်ရွင်သည့် မိသားစုအခြေအနေများ ဖန်တီးပေးနိုင်ခြင်း၊ မိခင်နှင့် ကလေး ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များနှင့် အခြား ဆက်စပ်စရိတ်များ လျှော့ချနိုင်ခြင်းနှင့် နိုင်ငံ၏ဖွံ့ ဖြိုးတိုးတက် မှု အရှိန်အဟုန်မြှင့်တင်ရေးတို့တွင် အထောက်အပံ့ ပေးနိုင်မည်ဖြစ်ပါ ကြောင်း။ သဘောတူညီခဲ့ကြပြီး ထို့ပြင် စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှုပန်းတိုင် (၃)အရ ခရစ်နှစ် ၂ဝ၃ဝ ပြည့်နှစ်မှာ မျိုးဆက်ပွား ကျန်းမာ ရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှု များကို လူတိုင်းလက်လှမ်းမီရရှိစေရေး၊ မိသားစုစီမံကိန်းဆိုင်ရာ သတင်းအချက် အလက်များ ရရှိစေရေးနှင့် ပညာပြန့်ပွားရေး၊ အမျိုးသားအဆင့်မဟာဗျူဟာများ၊ အစီအစဉ်များချမှတ် ရာတွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အကြောင်းအရာ များပါဝင်ရေး စသည်တို့ရရှိစေရန် အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် သဘောတူညီ ခဲ့ကြပြီး ဖြစ်ပါကြောင်း။ ယခုကဲ့သို့အခမ်းအနားမျိုး ကျင်းပရသည့်အတွက် မိသားစုစီမံကိန်း၏ အရေးပါမှုများကို သတိပြုမိလာစေပြီး အဆောတလျင်ဆောင်ရွက်သွားရမည့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကတိကဝတ်များကို ပြန်လည်အမှတ်ရစေနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူတစ်ဦး ချင်းစီနှင့် ဇနီးမောင်နှံများတွင် မိသားစု အရွယ်အစား ဆုံးဖြတ်ရန်အတွက် အခွင့် အရေးရှိပြီး အဆိုပါ အခွင့်အရေးမှာ သားဖွားမိခင်များသေဆုံးမှုနှင့် နာမကျန်း ဖြစ်မှုများကို လျှော့ချရန်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါ ကြောင်း။ လမ်းဦန်ပေးမှုများ ဆောင်ရွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ မိသားစုစီမံကိန်း မြှင့်တင်ခြင်း၊ သားဆက်ခြားဆေးဝါးများ ဖြန့်ဝေခြင်း၊ ပညာပေးဆွေးနွေးခြင်းနှင့် မိသားစုစီမံကိန်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်းများကလည်း လူထု အခြေပြုအသိပညာပေးလှုပ်ရှားမှုများနှင့် ဝန်ဆောင်မှုရရှိနိုင်သည့်နေရာများကို လမ်းညွှန်ပေးမှု များ ဆောင်ရွက်ပေးနေ သည်ကို သိရှိရပါကြောင်း။ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့် အရေးကိုအခြေခံသည့် မိသားစုစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၏အရေးပါမှုကို မီးမောင်း ထိုးပြနိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး လူဦးရေ ဆိုင်ရာပြသနာများကို ဖြေရှင်းရန်ကြိုးပမ်းအားထုတ်မှုများတွင် အစိုးရနှင့်အတူ ပြည်တွင်း ပြည်ပမှဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကူညီလာစေရေးအတွက်လည်း ဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ရှင်းလင်းတင်ပြ ထို့နောက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက “Family Planning is a Human Righy” “လူ့အခွင့်အရေး အခြေခံ လို့ မိသားစု စီမံကိန်းဖော်ဆောင်စို့” ဆောင် ပုဒ်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ ခေတ္တ ဌာနေ ကိုယ်စားလှယ် Ms Kaori Ishikawa က ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနား နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မိသားစုစီမံကိန်းနှင့် ပတ်သက်သည့် ဗီဒီယိုနှင့် ၂ဝ၁၈ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ဖြစ်သည့် “လူ့အခွင့်အရေး အခြေခံလို့ မိသားစုစီမံကိန်းဖော်ဆောင်စို့” “Family Planning is a Human Right” ဆောင်ပုဒ်နှင့် ပတ်သက်သည့် Animation Video Clip တို့ကို ပြသကြသည်။ အခမ်းအနားအပြီးတွင် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်း အမှတ် ပြခန်းငယ်များကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။