၂၀၂၀ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

၂၀၂၀ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

၁၁ ဇူလိုင် ၂၀၂၀

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီမိနစ် ၃၀ တွင် နေပြည်တော်ရှိ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Nelida Rodrigues မှ အမှာစကားပြောကြားသည်။ ထို့နောက်၂၀၂၀ ပြည့်နှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ဖြစ်သည့် “Putting the Brakes on COVID-19: How to Safeguard the Health and Rights of Women and Girls Now” “COVID-19 ကာလမှာ အမျိုးသမီးများနှင့် မိန်းခလေးငယ်များ၏ ကျန်းမာရေးနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပါနှင့်ပတ်သက်သည့် Animation Video Clip ကို ပြသ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။