ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေး ဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၇။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား ဒီဇင်ဘာလ (၂၇) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအနေဖြင့် ယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ၍ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဖြင့် နှစ်နိုင်ငံဝင်ထွက် သွားလာမှုအခြေအနေ၊ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် နီပေါနိုင်ငံသားများနှင့် ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန်ဆက်သွယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။