၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန () ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်တွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစူးစိုက်မိလာစေရန်ရည်ရွယ်၍ ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ် ဇူလိုင်လ ၁၁ ရက်တွင် အထိမ်း အမှတ်အခမ်းအနားများကို ကျင်းပလာခဲ့ကြောင်း။

လူသားအားလုံးကျန်းမာကြံ့ခိုင်ပြီး ဘဝအရည်အသွေး တိုးတက်ကောင်းမွန်စေရေးနှင့် သာယာဝပြောသည့် လူ့ဘောင်သစ် တည်ထောင်နိုင်ရေးအတွက် မျိုးဆက်ပွားကျန်းမာရေး၏ အရေးပါမှု၊ ကျား- တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ မိခင်နှင့် ကလေးကျန်းမာရေးစသည့် လူဦးရေနှင့် ကောင်းမွန်သော အလေ့အထများ မြှင့်တင်နိုင်ရန်၊ ပြည်တွင်းပြည်ပလူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ရာ ယနေ့ကျင်းပသည့် အခမ်းအနားသည် (၃၄) ကြိမ်မြောက် အခမ်းအနားဖြစ်ကြောင်း။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်က ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ပြည့်ပြီဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ကြောင်း၊ ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ပြည့်ခြင်းသည် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေတိုးတက်လာမှုကို လေ့လာကြည့်မည်ဆိုပါက သန်းတစ်ထောင်တိုးပွားရန် နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ကျော်၊ သန်းနှစ်ထောင်မှ သန်းသုံးထောင်တိုးပွားရန် နှစ်ပေါင်း သုံးဆယ်ကျော် ကြာမြင့်ခဲ့သော်လည်း နောက်ပိုင်းကာလများတွင် သန်းတစ်ထောင်တိုးရန် ဆယ်စုနှစ်တစ်ခုကျော်သာ ကြာမြင့်လာတော့ကြောင်း၊ ကမ္ဘာ့လူဦးရေ သန်းခုနစ်ထောင်မှ ရှစ်ထောင် ပြည့်ရန် (၁၂) နှစ်သာကြာမြင့်ခဲ့ကြောင်း၊ ယခုကဲ့သို့ လူဦးရေအလျင်အမြန်တိုးတက်လာခြင်းသည် လူများ၏ ကျန်းမာရေး၊ အစာအာဟာရ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဆေးဝါးများ တိုးတက်ကောင်းမွန်လာခြင်း၏ အကျိုးဆက်အဖြစ် လူ့သက်တမ်းများ ပိုမိုရှည်ကြာလာခြင်းကြောင့် ဖြစ်ကြောင်း။

သို့သော် ကမ္ဘာ့လူဦးရေ လျင်မြန်စွာတိုးပွားလာခြင်းနှင့်အတူ နိုင်ငံအများစုတွင် တန်းတူညီမျှမှုမရှိခြင်း၊ ဆင်းရဲချမ်းသာကွာဟမှုပိုများလာခြင်း၊ စားနပ် ရိက္ခာမပြည့်စုံခြင်း၊ ရေရှားပါးပြတ်လပ်ခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းများကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်ဆိုးများကို ခံစားနေကြ ရသူများလည်း တိုးပွားလာသည်ကိုတွေ့ရကြောင်း။

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုတွင် မွေးဖွားနှုန်း ကျဆင်းလာခြင်းကြောင့် လုပ်သားအင်အား ရှားပါးလာပြီး သက်ကြီးရွယ်အို များပြားလာသည့်အခြေ အနေကို ရင်ဆိုင်နေကြရသကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသည့် နိုင်ငံများတွင် လူဦးရေတိုးပွားမှုမြန်ဆန်လာသည့်အတွက် ၎င်းတို့၏ နေ့စဉ်လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရန် ပိုမိုလှုပ်ရှားရုန်းကန်နေကြရကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် တစ်ရက်လျှင် နှစ်ဒေါ်လာအောက်သာ ရရှိသည့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိနေကြသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုအဆုံးသတ်ရန်၊ ကမ္ဘာမြေကိုကာကွယ်ရန်နှင့် လူအားလုံး၏ ဘဝနှင့် မျှော်လင့်ချက်များ တိုးတက်ကောင်းမွန်လာစေရန် စသည်တို့ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အရေးယူဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို ပန်းတိုင် ၁၇ ခု၊ ဦးတည်ချက် ၁၆၉ ခုဖြင့်ရေးဆွဲထားရှိကြောင်း၊ အဆိုပါ ပန်းတိုင်များကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင် ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြကြောင်း။

မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကဏ္ဍများတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ကျား-မ တန်းတူ ညီမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံကိုလည်း ငြိမ်းချမ်းပြီး သာယာဝပြောသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စု ဖြစ်စေရေးရည်မှန်းပြီးမြန်မာနိုင်ငံ၏ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း။

မြန်မာနိုင်ငံ၏ လူဦးရေဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကို ကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံ၍ လူဦးရေခန့်မှန်းတွက်ချက်မှုအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ရက်တွင် မြန်မာနိင်ငံ ၏ လူဦးရေ ၅၅ ဒဿမ သန်း ကျော်ရှိလာခဲ့ပြီး ၂၀၃၀ ပြည့်နှစ် တွင် ၅၉ ဒဿမ သန်းကျော်ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်ကာလသည် လူဦးရေဆုလာဘ်ကို ရရှိခံစားနေချိန် ဖြစ်သည့်အတွက် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်လူရွယ်များ၏ စွမ်းအားဖြင့် အမျိုးသမီးများ၏ အင်အားကို ထိရောက်စွာထည့်သွင်းအသုံးချရန် လိုအပ်မည်ဖြစ်ကြောင်း၊ အနာဂတ်တွင် သက်ကြီး ရွယ်အို လူဦးရေများပြားလာမည်ဖြစ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန်နှင့် သက်ကြီးရွယ်အိုများနှင့် သင့်တင့်လျောက်ပတ် သည့်အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း။

တစ်ဆက်တည်းတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များသို့ ရောက်ရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ လူငယ်ရေးရာမူဝါဒ၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒစသည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့်အပြင် ကျား- တန်းတူညီမျှမှုရှိစေရေး အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ၏ ပန်းတိုင် ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ် ကြောင်း။

ကျား- တန်းတူညီမျှရေးနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၁၊ ပုဒ်မ-၂၁၊ ပုဒ်မခွဲ-က နှင့် အခန်း ၈၊ ပုဒ်မ ၃၄၈ တို့တွင် သတ်မှတ် ပြဋ္ဌာန်းပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင်အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာကို ရေးသား ပြုစုတင်သွင်းလျက်ရှိကြောင်း၊ အလားတူအာဆီယံအမျိုးသမီးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊အာဆီယံအမျိုးသမီးနှင့် ကလေး သူငယ်များ၏ အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း နိုင်ငံတကာနှင့် ဒေသတွင်း၌ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းကို ကျား၊ မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ဒုတိယအဆင့် ရေးဆွဲရေးလုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံ၌ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များပြည့်မီရန် ရည်ရွယ်ပြီး မိခင်သေဆုံးမှုများ လျော့နည်းကျဆင်းစေရေး၊ မျိုးဆက်ပွားနိုင်သောအရွယ်ရှိ အမျိုးသမီးများ အရည်အသွေးပြည့်ဝသော မိခင်ဖြစ်ရေးနှင့် မျိုးဆက် ပွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီရရှိစေရေး ဦးစားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများအားလုံး လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများကို အပြည့်အဝခံစားခွင့်ရရှိစေရေးအတွက်လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်မူဝါဒကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင်လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွား၊ မိခင်၊ မွေးကင်းစ၊ ငါးနှစ်အောက်ကလေးနှင့် ဆယ်ကျော်သက်ဆိုင်ရာ ငါးနှစ်တာ မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅)” ကိုလည်းရေးဆွဲထားပြီး အဆိုပါ မဟာဗျူဟာစီမံကိန်းပါ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များအတိုင်း မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရန်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကျား- အခြေပြုအကြမ်းဖက်မှု ခံစားနေရသောသူများအား ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်မှုပေးနိုင်သည့် စင်တာများကို နေပြည်တော်၊ ပင်းတယ၊ မော်လမြိုင်၊ သထုံ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ ဖွင့်လှစ်စောင့်ရှောက်မှုပေးလျက်ရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ဆေးရုံများတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်များကို ချမှတ်ခဲ့ရာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေးနှင့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်နိုင်ရေး၊ မျိုးဆက်ပွားကျန်းမာရေးကို အလေးပေးဆောင်ရွက်ရေး၊ ကျား-မ တန်းတူညီမျှမှုရှိစေရေး၊ မိသားစု စီမံကိန်း အကောင်အထည်ဖော်ရေးစသည့်တို့ကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရေး တွန်းအားပေးသည့်အနေဖြင့် ဆောင်ပုဒ်များသတ်မှတ်လာကြောင်း။

ယခု ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ကို ကုလသမဂ္ဂမှ ချမှတ်ထားသည့် လူဦးရေဆိုင်ရာ မူဝါဒများကိုအခြေခံ၍ မိမိတို့နိုင်ငံအတွက် ဆွေးနွေး ဆုံးဖြတ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကဏ္ဍများကို ထိရောက်စွာတိုးမြှင့်ဆောင်ရွက်နိုင်ရေးကို ထင်ဟပ်စေသည့် ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ဆောင်ပုဒ်သည် ကမ္ဘာ့လူ့ဘောင်သာယာဖို့ လူဦးရေနှင့်ဖွံ့ဖြိုးမှု ဟန်ချက်ညီအောင်ကြိုးစားစို့ ဖြစ်ကြောင်း။

အဆိုပါဆောင်ပုဒ်မှပေးလိုသည့် အဓိကအချက်မှာ လူဦးရေနည်းခြင်း၊ များခြင်း တစ်ခုတည်းဖြစ် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာ၍မရဘဲ အဆိုပါနိုင်ငံတွင် ချမှတ်ထားသည့် ကောင်းမွန်မှန်ကန်သော မူဝါဒများအပေါ် အကောင်အထည်ဖော်နိုင်မှုနှင့် နိုင်ငံ၏အခြေအနေအပေါ် မူတည်၍ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်မှုတို့သည် ပို၍အရေးကြီးသည်ကို အသိပေးလိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အနေဖြင့် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင် အသုံးချနိုင်ရန်လိုအပ်ကြောင်း။

မြန်မာနိုင်ငံ၏ လူမှုစီးပွားဆိုင်ရာ ကဏ္ဍများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေး ကျား- တန်းတူညီမျှရေး၊ မိသားစုစီမံကိန်း၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ကောင်းမွန်သည့် လူမှုဘဝများရရှိလာစေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း။

ကမ္ဘာ့လူဦးရေ သန်းရှစ်ထောင်ရှိလာခြင်းနှင့်အတူ လူဦးရေဆိုင်ရာ ပြောင်းလဲလာမှုကိုလေ့လာလျှင် ကမ္ဘာ့လူဦးရေသည် ဆက်လက်တိုးတက်နေဦး မည်ဖြစ်သော်လည်း လွန်ခဲ့သည့်ရာစုဝက်ခန့်ကစတင်၍ ကလေးမွေးဖွားမှု ဆက်တိုက်ကျ ဆင်းလာခြင်းကြောင့် အနာဂတ်တွင် လူဦးရေ တိုးနှုန်းသည် တဖြည်းဖြည်းနှေးကွေးလာနိုင်ကြောင်းလည်း ခန့်မှန်းရကြောင်း၊ မွေးဖွားမှုနှုန်းများ ကျဆင်းလာခြင်းနှင့်အတူ လူတို့၏မျှော်မှန်းသက်တမ်း မြင့်လာခြင်း တို့ကြောင့် သက်ကြီးရွယ်အို အချိုးအစားပါဝင်မှုသည် တနေ့တခြား များပြားလာနိုင်ကြောင်း။ သို့သော်လည်း မွေးဖွားနှုန်းကျဆင်းလာသည့် နိုင်ငံများသို့ မွေးဖွားမှုနှုန်းများပြီး ဆင်းရဲသည့်နိုင်ငံများက ရွှေ့ပြောင်းလူဦးရေ ဝင်ရောက်ခြင်းများရှိနေသဖြင့် လူဦးရေတိုးပွားမှု ဆက်လျက် ရှိနေဦးမည်ဖြစ်ပြီး မူလရွှေ့ပြောင်းခဲ့သည့် နိုင်ငံများတွင် လူဦးရေလျော့ကျမှုနှင့် တွေ့ကြုံနေရမည်ဖြစ်ကြောင်း။

ကမ္ဘာတစ်ဝန်း၌ မွေးဖွားစဉ် ယောင်္ကျားလေးအရေအတွက်သည် မိန်းကလေး အရေအတွက်ထက် ပိုမိုများပြားသော်လည်း အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို အသက်ရှည်စွာ နေထိုင်နိုင်ကြသည်ကို လေ့လာသိရှိရကြောင်း။

ကမ္ဘာ့နိုင်ငံများတွင် လက်ရှိကြုံတွေ့နေရသည့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို လွတ်မြောက်အောင် နည်းလမ်းရှာဖွေရင်း အခွင့်အလမ်းများအဖြစ် ပြောင်းယူနိုင်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လက်ရှိကြုံတွေ့နေရသည့် အခက် အခဲအကျပ်အတည်း စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း လူဦးရေဆိုင်ရာ ပြောင်းလဲလာမှုများမှ အခွင့်အလမ်းများအဖြစ် ပြောင်းလဲရယူ ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် လူဦးရေဆိုင်ရာပြောင်းလဲမှုမှ အခွင့်အလမ်းများရယူနိုင်ရန် ၁၀ နှစ် တစ်ကြိမ် မဖြစ်မနေဆောင်ရွက် ကြရသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး အကြိုစမ်းသပ်ဆောင်ရွက်ချက်အဖြစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စမ်းသပ် သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ အရေးကြီးသည့် လူဦးရေအချက်အလက်များနှင့် မှန်ကန်သည့်ကိန်းဂဏန်းများ ရရှိမှသာ နိုင်ငံ၏ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ပေါ်ထွက်ရရှိလာမည်ဖြစ်သကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ဖြစ်ပေါ်လာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေးအတွက် ကောင်းမွန်သည့် အနာဂတ်တည်ဆောက် နိုင်ရေး ဦးတည်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ယနေ့ ကမ္ဘာ့လူဦးရေနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် ကမ္ဘာ့အဆင့်မီစွာ မြန်မာနိုင်ငံ၏လူဦးရေနှင့် ကိန်းဂဏန်းအချက်အလက် များရရှိအောင် လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုအဆင့်ဆင့်တွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ဌာန၊ အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်းနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံ၌ လူဦးရေပြောင်းလဲမှုဖြစ်စဉ်နှင့် မူဝါဒ ဆိုင်ရာအကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အသိပညာပေး Video Clip ကို ပြသသည်။

ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။