၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား

 

     ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေနံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ( MICC-2 )  ၌  ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်  နယက   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

     အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယဝန်ကြီးများနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊သံတမန်များ၊ အထိမ်းအမှတ်အခမ်းအနားကျင်းပရေးဗဟိုကော်မတီနှင့်ဆပ်ကော်မတီ များမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

     ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူဦးရေနေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရင်း သည် ကမ္ဘာ့လူဦးရေနေ့    ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အရေးတကြီး ဖြေရှင်းရမယ့် မိသားစုစီမံကိန်း၊ ကျား/မ တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ဝန်ဆောင် မိခင် ကျန်းမာရေး နှင့် လူ့အခွင့်အရေးများရဲ့ အရေးပါမှုစတဲ့ လူဦးရေ ဆိုင်ရာ ပြဿနာရပ်တွေကို ပြည်သူလူထု အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ လူဦးရေ သန်းငါးထောင် ပြည့်ခဲ့သည့့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက် နေ့ကို အစွဲပြုပြီး ကမ္ဘာ့ လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက နှစ်စဉ်ကျင်းပလျက်ရှိကြောင်း။

     မြန်မာနိုင်ငံအနေဖြင့့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ၁၉၉၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယနေ့ကျင်းပသည့့် အခမ်းအနားသည် (၃၅) ကြိမ်မြောက် အခမ်းအနားပဲဖြစ်ကြောင်း ၊ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယနေ့ကမ္ဘာ့လူဦးရေသည် သန်းပေါင်းရှစ်ထောင် တိုတောင်းလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း ။

     တစ်ဖက်မှာလည်း ကမ္ဘာ့လူဦးရေ တိုးတက်လာတာနဲ့အမျှ    စားရေရိက္ခာ မပြည့်စုံခြင်းများသောက်သုံးရေ ရှားပါးပြတ်လပ်ခြင်းများရာသီဥတုဖောက်ပြန်ခြင်းများ ၊ ကူးစက်ကပ်ရောဂါပျံ့နှံ့ခြင်းများ ၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေး အန္တရာယ်များကို လူသားတို့ ယခင်ကထက် ပိုမိုရင်ဆိုင်ခံစားလာ နေကြရကြောင်း ၊ ထို့အပြင် တန်းတူညီမျှမှု မရှိခြင်းများ ၊ ဆင်းရဲနွမ်းပါး မှုများပြား လာခြင်းများစသည့် လူနေမှုအဆင့်အတန်းများ ၊ ကွဲပြားပြီး လူတန်းစား ကွာဟမှုပြဿနာများနှင့်လည်း ရင်ဆိုင်လာကြရကြောင်း ။ အထူးသဖြင့် ကျွန်တော်မိမိတို့နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှု နည်းပါးသည့် နိုင်ငံများတွင် အဆိုပါ ပြဿနာများ ပိုမိုဖြစ်ပွားလာသည်ကို မိမိတို့ မျက်မြင်တွေ့ကြုံနေရ သည်ကို  အားလုံးအသိပင်ဖြစ်ကြောင်း ။

     လူဦးရေဆိုင်ရာပြဿနာများနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများစုတွင် မွေးဖွားနှုန်း သိသိသာသာ ကျဆင်းလာခြင်းကြောင့် ကလေးဦးရေနည်းပါးလာပြီး လုပ်သားအင်အား ရှားပါးခြင်းများ၊ သက်ကြီးရွယ်အို များပြားလာခြင်းများနှင့် ရင်ဆိုင်နေကြရကြောင်း ၊ ဖွံ့ဖြိုးဆဲနိုင်ငံအချို့နှင့် ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံများတွင် မွေးဖွားနှုန်းမြင့်မားခြင်း၊ ပညာရေးအခြေအနေ နိမ့်ကျခြင်း၊ အလုပ် လက်မဲ့များပြားခြင်း၊ ဆင်းရဲနွမ်းပါးသူများပြားခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်နေကြရကြောင်း ။

ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုတူညီခဲ့ကြကြောင်း ၊ အဆိုပါစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို အခြေခံပြီး နိုင်ငံ တစ်နိုင်ငံချင်းစီက မိမိတို့နိုင်ငံအလိုက် ကြုံတွေနေရတဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ဒါမှမဟုတ် အချိန်မီကုစားဖို့ လိုအပ်မှာ ဖြစ်ကြောင်း

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ တွေကို အချိန်နဲ့တစ်ပြေးညီ      သုံးသပ်ပြီး ကဏ္ဍအလိုက် ဦးစားပေးအဆင့် သတ်မှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်ကြရမှာ ဖြစ်ကြောင်း ၊ ထိုသို့ဆောင်ရွက်ရန်အတွက် မိမိတို့နိုင်ငံ၏ နယ်မြေဒေသ အလိုက် အခြေခံကျသည့် လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာ အခြေခံအချက်အလက် များရရှိရန် အထူးပင် လိုအပ်ကြောင်း ၊ ထို့ကြောင့် နည်းပညာဖွံ့ဖြိုး      တိုးတက်နေသည့် နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံ အများစုမှာ အဆိုပါ အချက်အလက်များရရှိရန် လူဦးရေသန်းခေါင်စာရင်းတွေကို ပုံမှန် ကောက်ယူ နေကြခြင်းဖြစ်ကြောင်း။

ကုလသမဂ္ဂကလည်း လူဦးရေ သန်းခေါင်စာရင်းကောက်ယူရာမှာ ကိုးကားဆောင်ရွက်ရန် နိယာမများ နှင့့် အကြံပြုချက်များ (Principles and Recommendations) များကိုလည်း ထုတ်ပြန်ပေးထားတာကို တွေ့ရမှာဖြစ်ကြောင်း။ နိုင်ငံရဲ့အသေးငယ်ဆုံး အုပ်ချုပ်မှုနယ်မြေ အဆင့်အထိ နယ်မြေဒေသအလိုက် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်တွေကို လူဦးရေသန်းခေါင်စာရင်းတွေကးများသာ ရရှိနိုင် မည်ဖြစ်သည့်အတွက် လူဦးရေသန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူ ရန်လိုအပ်ကြောင်း ။

     မိမိတို့နိုင်ငံတွင် မကြာမီ ကောက်ယူတော့မည့် ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်းကို အနည်းငယ်ပြောကြားလိုကြောင်း ၊ သန်းခေါင်စာရင်းရဲ့ ထူးခြားသည့် ဝိသေသလက္ခဏာတစ်ခုမှာ ရပ်ကွက်၊ ကျေးရွာအုပ်စုကဲ့သို့ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံး အဆင့်ထိ အချက်အလက်များ ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်ကြောင်း ၊     သန်းခေါင်စာရင်းကရရှိလာတဲ့ အချက်အလက် များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်တဲ့မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်နိုင်ရန် နှင့် စီမံကိန်းများရေးဆွဲနိုင်ရန် လိုအပ်သည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များ ပံ့ပိုးပေးနိုင်မှာဖြစ်ကြောင်း ။

     ထို့အပြင် သယံဇာတအရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်း၊ ဘဏ္ဍာငွေခွဲဝေချထားခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ကျန်းမာရေးဌာနများ၊ လမ်း၊ တံတားတွေစတဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ပေးခြင်း၊ မသန်စွမ်းနဲ့ သက်ကြီး ရွယ်အိုစောင့်ရှောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး ခြင်းစသည်များကိုကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရန်  မရှိမဖြစ် လိုအပ်တဲ့ အခြေခံ အချက်အလက်များပင်ဖြစ်ကြောင်း ။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူမှုသမိုင်းကြောင်းကို ပြန်လည်လေ့လာသုံးသပ်ကြည့်မည် ဆိုပါက လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နဲ့ ၁၉၄၁ ခုနှစ်တို့တွင် (၁၀) နှစ်ခြား တစ်ကြိမ်စီဖြင့် (၈) ကြိမ် ကောက်ယူခဲ့သည်ကို တွေ့ရပါကြောင်း၊ အဆိုပါသန်းခေါင်စာရင်း အချက်အလက် တစ်ချို့ကို ဒီနေ့အထိ ကိုးကား အသုံးပြုနေရဆဲဖြစ်ပါကြောင်း ။

     ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်းတွင် နိုင်ငံတော်အတွက် လိုအပ်နေသည့် စာရင်းအင်းဆိုင်ရာ အချက်အလက် အတော်များများကို နိုင်င၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေ ရေးဆွဲတဲ့ နေရာမှာအသုံးပြုခဲ့ပြီး နှစ်စဉ်နိုင်ငံရဲ့ခန့်မှန်းလူဦးရေစာရင်းကိုလည်း အနီးစပ်ဆုံး ခန့်မှန်းတွက်ချက် ထုတ်ပြန်ပေးနေခြင်း ဖြစကြောင်း။ ထို့အပြင် နောက်တစ်ကြိမ်သန်းခေါင်စာရင်း မကောက်ယူမီအချိန်မှာ ကြားကာလပြောင်းလဲလာသည့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကို သိရှိဖို့၊ နှိုင်းယှဉ်လေ့လာမှုတွေ ပြုလုပ်နိုင်ရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူ ထုတ်ပြန်ပေးခဲ့ရာ ယခုအချိန်အထိ အသုံးဝင်နေဆဲဖြစ်ကြောင်း ။

     ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်းကို (၁၀) နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိခြင်းကြောင့် လည်းကောင်း၊ နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံရဲ့ ခန့်မှန်းလူဦးရေစာရင်းများခိုင်မာမှုရှိစေဖို့အတွက်လည်းကောင်း၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနဲ့ သုတေသန လုပ်ငန်းတွေအတွက် မှန်ကန်တဲ့ အခြေခံ အချက်အလက်တွေ ရရှိစေ ရန်လည်းကောင်း ရည်ရွယ်ပြီး မိမိတို့နိုင်ငံမှာ  ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လူဦးရေနဲ့အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရန် စီစဉ် ဆောင်ရွက်နေကြောင်း။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများနှင့့် မူဝါဒတွေချမှတ်ဖို့ အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာအချက်အလက်တွေ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစခြင်းကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ။

     ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန်စေရေး ကိုလည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း။

     ယခုနှစ်၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ကို “ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်ကစောင့်ရှောက်ကြ” “Helping vulnerable populations in emergencies” ဟု သတ်မှတ်ထားကြောင်း၊ အဆိုပါဆောင်ပုဒ် ချမှတ်ရခြင်းသည် ယနေ့ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ပဋီပက္ခများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရယ်များ စားနပ်ရိက္ခာရှားပါးမှုများ စသည့်ဘေးဒုက္ခအန္တရယ် အမျိုးမျိုးကြောင့် အရေးပေါ်အခြေအနေများကိုလူသားများ ကြုံတွေ့ခံစားနေကြရကြောင်း။

     အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးငယ်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် ဆင်းရဲနွမ်းပါသူများက ပိုမိုထိခိုက်ခံစားကြရကြောင်း သဘာဝဘေးအန္တရယ်ကျရောက်ချိန်များ၊ ပဋီပက္ခများ ဖြစ်ပေါ်ချိန်များတွင် အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည် ခုခံနိုင်စွမ်းအားနည်းသည့် အပြင်သူတို့၏ သီးသန့်လိုအပ်ချက်များသည်လည်း လျစ်လျူရှုခြင်းခံရလေ့ရှိကြောင်း၊ သူတို့၏ဘဝလုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် ကျန်းမာရေးများကို ဆောင်ရွက်ပေးခြင်းသည် မိသားစုနှင့်လူမှုအသိုင်းအဝိုင်းကောင်းကျိုးကို ဖြည့်ဆည်း ပေးခြင်းလည်းဖြစ်ကြောင်း နိုင်ငံတကာသတင်း အချက်အလက်များအရ ဘေးဥပဒ်ကျရေက် နေသူများ ထဲတွင် လူငယ်များစွာပါဝင်နေသည်ဟု သိရကြောင်း၊ နိုင်ငံတချို့တွင် ဘေးဥပုဒ်ကျရောက်နေသူများ၏ သုံးပုံနှစ်ပုံခန့်သည် အသက်၂၅နှစ်အောက် လူငယ်များဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း ကျောင်းမနေသည့် လူငယ်တစ်ဝက်ခန့်တွင် ပဋီပက္ခဖြစ်နေသည့်နိုင်ငံများ၊ ပဋီပက္ခကြုံတွေ့ခဲ့ရသည့် နိုင်ငံများက ဖြစ်နေသည် ကိုတွေ့ရပါကြောင်း။

လူငယ်များသည်နိုင်ငံတော်၏ အနာဂတ်၊ နိုင်ငံ၏အင်အားများဖြစ်ခြင်းကြောင့် ကလေးများ အမျိုးသမီးငယ်များ၊ ကျောင်းပညာသင်ကြားခွင်မရခဲ့ပါက သို့မဟုတ် သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း မပေးနိုင်ပါက ၎င်းတို့ပတ်ဝန်းကျင်နှင့် နိုင်ငံ၏ အနာဂတ်သည်လည်း အားနည်းချက်များ၊ လိုအပ်ချက်များ ရှိနေမည်ဖြစ်ကြောင်း၊ ထိုကြောင့် ထိခိုက်လွယ်သူများကို အားလုံးကကူညီဖေးမ စောင့်ရှောက်ပေးရန် လိုအပ်သကဲ့သို့ ဒေသန္တရအစိုးရအဖွဲ့အစည်းများကလည်း အရေးပေါ်စီမံခန့်ခွဲ့မှု အစီအမံများပြင်ဆင်ထားရန် လိုအပ်ကြောင်း။

ထိုကြောင့် အရေးအပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန်၊ ထိခိုက်လွယ်သူများကို ထိထိရောက်ရောက် ကူညီပံပိုးပေးနိုင်ရန်အတွက် ကိန်းဂဏန်းအချက်အလက်များနှင့် ဒေသအလိုက်လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များရရှိရန် အရေးကြီးသကဲ့သို့ နောက်ဆုံးအခြေအနေနှင့်အညီ Update ဖြစ်နေရန်လည်း လိုအပ်ကြောင်း၊ ယခုလို လူဦးရေးနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များကို နိုင်ငံတစ်ဝန်းရရှိရန်အတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာင်းကို မဖြစ်မနေကောက်ယူရန် လိုအပ်ကြောင်း။

     ယနေ့ ကမ္ဘာ့လူဦးနေ့ အခမ်းအနားကို တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံ၏ မှတ်တိုင်တစ်ခုဖြစ်လာမည့် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ဆောင်ပုဒ်ဖြစ်သည့် “ ပြည်သူအားလုံး ပါဝင်လို့၊ သန်းခေါင်စာရင်း ကောက်ကြစို့ ” “ A nation-wide census, let us all participate ” ဟုတိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

     ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဦးရေး၏ အခန်းကဏနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

     ယင်းနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့် “ ထိခိုက်လွယ်သူဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ ” ဗီဒီယိုကလစ်ကိုပြသသည်။

     ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ၂၀၂၄ ခုနှစ်   ကမ္ဘာ့လူဦးရေနေ့   အထိမ်းအမှတ်ခင်းကျင်းပြသထားသည့်   ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။