လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်သူ့အင်အားဦးစီးဌာန
ပြည်တွင်းအကြံပေး အဆိုပြုလွှာခေါ်ယူခြင်း
၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူပြီးနောက် ပြည်ထောင်စုအစီရင်ခံစာ (မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ) အား ရေးသားပြုစုခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် အတွေ့အကြုံရှိသည့် ပြည်တွင်းအကြံပေး တစ်ဦးကို တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်အကဲဖြတ် ရွေးချယ်၍ တာဝန်ပေးအပ်မည်ဖြစ်ပါသဖြင့် စိတ်ဝင်စားသူများသည် ၂၅-၁၀-၂၀၂၄ ရက်နေ့ (၁၆:၃၀) နာရီ နောက်ဆုံးထားပြီး လူကိုယ်တိုင်သော်လည်းကောင်း (သို့မဟုတ်) ဌာန၏ email (pop.dept.mm@gmail.com) မှတဆင့်သော်လည်း အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
၂။ ပြည်တွင်းအကြံပေး ထမ်းဆောင်ရမည့် လုပ်ငန်းလမ်းညွှန်ကိုလည်း အောက်ပါ Link တွင် Download ရယူ၍ ဖတ်ရှုနိုင်ပါသည်။