
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်သူ့အင်အားဦးစီးဌာန
နိုင်ငံတကာ အကြံပေးပုဂ္ဂိုလ် အဆိုပြုလွှာခေါ်ယူခြင်း
၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များအပေါ်အခြေခံ၍ နောင်လာမည့်နှစ်များအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲခြင်းနှင့် မူဝါဒများချမှတ်ခြင်းတို့တွင် အခြေခံအသုံးပြုနိုင်ရန် ခိုင်မာသော ခန့်မှန်းလူဦးရေစာရင်းများအား နှစ်အလိုက်ပြုစုထုတ်ပြန်ခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။
၂။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့် နိုင်ငံတကာအကြံပေးတစ်ဦးကို စိစစ် အကဲဖြတ် ရွေးချယ်တာဝန်ပေးအပ်မည်ဖြစ်ပါ၍ စိတ်ဝင်စားသူများ အောက်ပါအတိုင်းဆက်သွယ်၍ အဆိုပြုလွှာတင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်-
(က) | နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်၏ လုပ်ငန်းလမ်းညွှန်ရယူနိုင်မည့် နေ့ရက်နှင့် အချိန် | - | ၁၂-၅-၂၀၂၅ ရက်နေ့မှ ၃၀-၅-၂၀၂၅ ရက်နေ့အထိ။ လုပ်ငန်းလမ်းညွှန်အား www.dop.gov.mm တွင် ရယူနိုင် ပါသည်။ |
(ခ) | အဆိုပြုလွှာတင်သွင်းရမည့် နေရာ | - |
ပြည်သူ့အင်အားဦးစီးဌာန၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ် (၄၈)၊ နေပြည်တော်။ |
(ဂ) | အဆိုပြုလွှာ တင်သွင်းရမည့် နည်းလမ်း | - | လူကိုယ်တိုင် သို့မဟုတ် email: pop.dept.mm@gmail.com မှတဆင့် |
(ဃ) | အဆိုပြုလွှာ နောက်ဆုံးတင်သွင်းရမည့် နေ့ရက်နှင့်အချိန် | - |
၃၀-၅-၂၀၂၅ ရက်နေ့၊ ၁၆:၃၀ နာရီ။
မြန်မာစံတော်ချိန် |
၃။ သတ်မှတ်ရက်နှင့် အချိန်ထက်ကျော်လွန်တင်သွင်းသည့် အဆိုပြုလွှာများကို လက်ခံခြင်း ပြုမည်မဟုတ်ပါ။
၄။ အဆိုပြုလွှာပုံစံ၊ စည်းကမ်းချက်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း အောက်ဖော်ပြပါဖုန်းနံပါတ်နှင့် Email သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်-
ပြည်သူ့အင်အားဦးစီးဌာန၊ နေပြည်တော်
ဖုန်းနံပါတ် - +၉၅၆၇-၄၃၁၀၆၆ ၊ +၉၅၆၇-၄၃၁၀၆၇
Email address - pop.dept.mm@gmail.com
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ