
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ မေလ (၆) ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ရုံးခန်းများ အခြေအနေနှင့်မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ရုံးအဆောက်အဦနှင့် ရုံးစာရွက်စာတမ်းများ၊ ရုံးသုံးပစ္စည်းများ လုံခြုံရေး အတွက် စနစ်တကျထိန်းသိမ်းထားရှိရေး၊ မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိရေး၊တာဝန်ကျဝန်ထမ်းများ စနစ်တကျတာဝန်ချ ထားရေးနှင့် ဝင်/ထွက်မှုမှတ်တမ်းများ ရေးသွင်းဆောင်ရွက်ရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေးမှာကြားကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါရုံးဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ ပြောင်းထွက် အတွက် လျှောက်ထားသူများ၊ နိုင်ငံသားကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့် ပျောက်ဆုံး၊ ပျက်စီး လျှောက်ထားသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ထုတ်ပေးနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေး ပြီးနောက် နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။