ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား Biometric ကောက်ယူမှုနှင့် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး ကြည့်ရှု့အားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား Biometric ကောက်ယူမှုနှင့် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး ကြည့်ရှု့အားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ မေလ (၇) ရက် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောင်းကုန်း မြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးဝန်းအတွင်း၌ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ (Unique ID) နံပါတ် ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသူ ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်းဆွေးနွေး၍ UID နံပါတ်ရရှိပြီးပါက ပြည်သူများ ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ၊ အခြားသောဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်မှု၊ ပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျကိုင်တွယ်ထိန်းသိမ်းနိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများ၊ လဲလှယ်လျှောက်ထားသူပြည်သူများအား ပန်းခင်းစီမံချက် အဆင့်()ဖြင့် နိုင်ငံသားကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေကိုလည်းကောင်း၊ လူဦးရေစာရင်းမှန်ကန်ရေးအတွက် ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များ တိုက်ဆိုင်စိစစ် အတည်ပြု ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လှည့်လည်ကြည့်ရှု့ကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်း ထားရှိမှုနှင့်မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ရုံးစာရွက်စာတမ်းများ၊ ရုံးသုံးပစ္စည်းများနှင့် ကိုယ်ရေးဖိုင်များစနစ်တကျ လုံခြုံစွာထိန်းသိမ်းထားရှိဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ် တားဆီးဆောင်ရွက်ရေး၊ ကိုယ်ရေးဖိုင်များ အသုံးပြုရာတွင် စနစ်တကျမှတ်တမ်း ရေးသွင်း ကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်ကြရေးမှာကြားကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်း အဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်း များအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် မတ်လ(၂၈)ရက်က အင်အား အလွန်ပြင်းထန်သည့် မန္တလေးမြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်၊မန္တလေး၊ စစ်ကိုင်း အပါအဝင် နေရာဒေသအချို့၌ လူအများအပြားသေဆုံးဒဏ်ရာရခဲ့ပြီး အဆောက်အဦများ ပြိုကျပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ နေပြည်တော်ရှိ မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများနှင့် ရုံးအဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ဝန်ထမ်းများ ယာယီနေရာချထားမှုများ ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ ယခုအခါ ဝန်ထမ်းများပုံမှန်ရုံးတက်ရောက်၍ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းနှင့် ပန်းခင်းစီမံချက်လုပ်ငန်း များကိုကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားကတ်ရှိပြီးသူတိုင်း Unique ID နံပါတ်ထုတ်ပေး ခြင်းကို တစ်ပါတည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းမြေငလျင်လှုပ်ခတ်မှုကြောင့် e-ID စနစ် လုပ်ငန်းများ ခေတ္တရပ်တန့်ခဲ့ရပြီး ယခုအခါ လုပ်ငန်းများပြန်လည် လည်ပတ်ဆောင်ရွက်နေပြီ ဖြစ်ရာ မဲစာရင်းမှန်ကန်ရေးအတွက် အတည်ပြုလူဦးရေစာရင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း e-ID စနစ်နှင့် ပတ်သက်သည့်ဆောင်ရွက်ချက်များနှင့် စက်ပစ္စည်းကိရိယာများ ခြုံမှုရှိစေရေးအတွက်လည်း ဝန်ထမ်းတိုင်း အလေးထားဆောင်ရွက် ကြရန်လိုကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် တိကျမှန်ကန်သည့် မဲစာရင်း ပြုစုနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်အားလုံး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်ရေးအတွက် ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝန်ထမ်းများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်း ဆိုင်ရာအခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးနောက် ခန်းမအတွင်း ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် အတည်ပြုလူဦးရေစာရင်းအချက်အလက်များ တိုက်ဆိုင် စိစစ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။