ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Filippo Grandi နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Filippo Grandi နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Filippo Grandi နှင့်အဖွဲ့အား စက်တင်ဘာလ(၉)ရက်၊ ယနေ့မွန်းလွဲ (၃) နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ (MoU ) လက်မှတ် ရေးထိုးဆောင်ရွက်နေမှုအခြေအနေ၊ ယင်းလုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ သို့သော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်ဟန့်တားမှု ကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေမှုအခြေအနေ၊ နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ဘူးသီးတောင်၊ မောင်တောဒေသ၌ တာဝန်ထမ်းဆောင်နေသည့် UNHCR ဝန်ထမ်းများအား စစ်တွေမြို့နှင့်ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေထိုင်ခွင့်ပြုမှုအပေါ် ကျေးဇူးတင်ရှိမှု နှင့် နယ်မြေတည်ငြိမ်အေးချမ်းပါက သက်ဆိုင်ရာဒေသသို့ ပြန်လည်စေလွှတ် တာဝန်ထမ်းဆောင် မည့်အခြေအနေ၊ UNHCR အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူအားလုံးအတွက် ကူညီဆောင်ရွက်ပေးရန် ဆန္ဒရှိှမှုအခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့်လည်း UNDP-UNHCR တို့နှင့် ဆက်လက် လက်တွဲပူးပေါင်းကာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေနှင့် ယင်းသို့ဆောင်ရွက်နေမှုများအပေါ် ကုလသမဂ္ဂအဖွဲ့အစည်းများအား ပြန်လည် ရှင်းလင်းပြောကြားပေးရန်လိုအပ်မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။