ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုနှင့် e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျုံမငေးမြို့အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုနှင့် e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ၊ရပ်မိရပ်ဖများနှင့်အတူ ဒီဇင်ဘာလ ၂၄ ရက်၊နံနက် (၅) နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ သံဃာရာမဗိမ္မာန်တော်ကြီး၌ ကျင်းပသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ (၁၀၀၀) အနေကဇာတင် မင်္ဂလာအခမ်အနားသို့ တက်ရောက်ရာ ရှေးဦးစွာ ဝါးခယ်မမြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဌ၊ ကွမ်းခြံကုန်းကျောင်းတိုက် ဆရာတော် ဒွိပိဋကဓရ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတု တော်များအား အနေကဇာတင်လှူပူဇော်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်ပရိသတ်များက မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ကွမ်းခြံကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်ကြီးများ က ပရိတ်တရားတော်များရွတ်ပွားသရဇ္ဇယ် ချီးမြင့်တော်မှုကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သက်များက တရာတော်ကြီးထံမှ အနုမောဒနာ တရားနားကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓ သာသနံ စီရံ  တိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းလိုက်ပြီးနောက် ဆရာတော်ကြီးများအား အာရုံဆွမ်းဆပ်ကပ်လှူဒါန်းသည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့စွယ်တော်ဘုရားသို့ သွားရောက်၍ အဆိုပါ ဘုရားပုရဝဏ်အတွင်းရှိ ဘုရားစောင်းတန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူ များနှင့် အသက်(၁၈)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူများအား ပန်းခင်းစီမံချက်အဆင့်()ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများ အား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက် ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လာရောက်ဆောင်ရွက်ကြသည့်  ဒေသခံပြည်သူ များအား နိုင်ငံသားကတ်ပြား အဆင်ပြေလွယ်ကူစွာရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုနှင့်  မကြာမီကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြား ကိုင်‌ဆောင်မဲပေးရမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ကာယကံရှင်များ ထံ အသီးသီးပေးအပ်ပြီးနောက် ကွင်းဆင်းဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ များကို မြို့နယ်ဦးစီးမှူးထံ ပေးအပ်သည်။

အဆိုပါ ဘုရားစောင်းတန်း၌ ကျုံမငေးမြို့နယ်ပေါ်ရပ်ကွက်(၅)ခုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများအား  ပန်းခင်းစီမံချက်အဆင့်()ဖြင့် ယခင်ရက်များကပင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများ၊ အသက်(၁၈)နှစ် ပြည့်လျှောက်ထားသူများ စုစုပေါင်း ဒေသခံပြည်သူ( ၃၀၀ )ဦးအား နိုင်ငံသား စိစစ်ရေး ကတ်များ ကို  လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးပြီး  နိုင်ငံသားကတ်ပြား ရရှိပြီးသူ များအား  e-ID စနစ်ဖြင့် Unique ID နံပါတ် တစ်ပါတည်းထုတ်ပေးနိုင်ခဲ့သည်။

မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည်  ကျုံမငေးမြို့၊ စက်ရုံဓမ္မာရိပ်သာ ကျောင်းတိုက် သို့ သွားရောက်၍ စက်ရုံဓမ္မာရိပ်သာကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာတော် နိုင်ငံတော် ဩဝါဒစရိယ၊ အဘိဓဇမဟာရဠ ဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္ဒဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမန အား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။