ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု သွားရောက်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု သွားရောက်ကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၄ ရက် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမင်းဦး၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်း ပညာရတနာခန်းမအတွင်း၌ မိဘဆရာအသင်းဝင်များ၊ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာအခက်အခဲများ ကို မေးမြန်းဆွေးနွေးပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှုနှင့် မြို့နယ်အဆင့် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေ၊ ဝန်ထမ်းများက အသက်ပြည့်မီပြီး  နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူ များအား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားကတ်ပြားထုတ်ပေးရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်ပြားနှင့် UID တို့ကို ကာယကံရှင် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် ခရိုင်နှင့်မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် အသက်(၁၈) နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားမရရှိသေးသူများ၊ ပျောက်ဆုံး/ပျက်စီးသူများအား သက်ဆိုင်ရာမြို့နယ်ရုံးများ၌လည်းကောင်း၊ အသက်(၁၀) နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြား မရရှိသေးသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာ ကျောင်းများသို့ ကွင်းဆင်း၍လည်းကောင်း နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။