ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Barnaby Jone နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Barnaby Jone နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Barnaby Jonesနှင့် အဖွဲ့အား ဇွန်လ (၅)ရက်၊ ယနေ့ညနေ (၃)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) အရ လက်တွဲပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ UNHCR အနေဖြင့် ဒေသခန့်ဝန်ထမ်းများ ခန့်ထားရာတွင် သိရှိနားလည်သုံးသပ် ဆောင်ရွက်နိုင်ရေး၊ UNHCR ဝန်ထမ်းများ ပြည်တွင်းခရီးသွားလာမှုနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသအာဏာပိုင်များသို့ အသိပေးဆောင်ရွက်နိုင်ရေးနှင့် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသည့် NGO ၊ INGO များဖြင့်သာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းပါက ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအခြေအနေ၊ UNHCR အနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ အတည်ပြုထုတ်ပြန်ထားသည့် အချက်အလက်များ အသုံးပြုဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ဆက်လက် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။