ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု သွားရောက်ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု သွားရောက်ကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် (၁၀) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါကျောင်းခန်းမအတွင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များနှင့်အတူ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှုနှင့် မြို့နယ်အဆင့် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဝန်ထမ်းများက အသက်ပြည့်မီပြီး  နိုင်ငံသားကတ်ပြား မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ နိုင်ငံသားကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး (One Stop Service) ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်ပြားနှင့် UID တို့ကို ကာယကံရှင်ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် မြို့နယ်ရုံးဝန်ထမ်းများအား စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားမရရှိသေးသူများ၊ ပျောက်ဆုံး/ ပျက်စီးသူများအား သက်ဆိုင်ရာမြို့နယ်ရုံးများ၌လည်းကောင်း၊ အသက်(၁၀)နှစ် ပြည့်ပြီး နိုင်ငံသားကတ်ပြား မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ ကျောင်းများသို့ ကွင်းဆင်း၍လည်းကောင်း နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့်နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။