ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ဇူလိုင်လ(၁၀)ရက်၊ ယနေ့နံနက်(၁၀)နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

 ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပြည်ဝင်ဗီဇာ ကိစ္စရပ်များ အဆင်ပြေစွာဆောင်ရွက်နေမှု၊ တရုတ်လုပ်ငန်းရှင်များအပါအဝင် တရုတ်နိုင်ငံသားများအနေဖြင့် ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ဝင်ထွက်သွားလာမှုနှင့် ဝန်ကြီးဌာန အနေဖြင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးမှု၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ဒေသနေပြည်သူများ နယ်စပ်ဂိတ်များမှတစ်ဆင့် တရားဝင်အပြန်အလှန် ဝင်ထွက်သွားလာမှု၊ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ တရားမဝင်ဝင်ရောက်၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများဆောင်ရွက်မှုအပေါ် ဥပဒေနှင့်အညီရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်နေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စများ အဆင်ပြေစေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။