စမ်းသပ်သန်းခေါင်စာရင်း

မြန်မာနိုင်ငံတွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ် မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါသည်။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်တစ်ရပ်အဖြစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ် မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့အထိ မြို့နယ် (၂၀) တွင် ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ပြည်လုံးကျွတ်ကောက်ယူရာ၌ အဆင်ပြေချောမွေ့စေရန်အတွက် အသုံးပြုမည့် မေးခွန်းပုံစံ၊ နည်းပညာ၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု အစီအစဉ်များကို ကြိုတင်စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ၂၀၁၃ ခုနှစ် မတ်လ (၃၀) ရက်နေ့မှ ဧပြီလ (၁၀) ရက် နေ့အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၁၂) ရက်ကြာ ဆောင်ရွက်ခဲ့ပါသည်။ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် မြို့နယ် (၂၀) မှာ အောက်ပါအတိုင်းဖြစ်ပြီး မြို့ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၁၅) ခုကိုရွေးချယ်၍ ရပ်ကွက်/ ကျေးရွာအုပ်စုတစ်ခုစီတွင် ကောက်ကွက် (၅) ကွက်စီ၊ စုစုပေါင်းကောက်ကွက် (၁ဝဝ) ကောက်ယူခဲ့ပါသည်။ အဖွဲ့အစည်း (တပ်၊ ရဲ၊ အကျဉ်းထောင်၊ ဂေဟာ) များအတွက် နေပြည်တော်နယ်မြေတွင် စမ်းသပ် ကောက်ယူခဲ့ ပါသည်-

စဉ်

ပြည်နယ်/

တိုင်းဒေသကြီး

ခရိုင်

မြို့နယ်

ရပ်ကွက်/

ကျေးရွာအုပ်စု

ကချင်

မြစ်ကြီးနား

မြစ်ကြီးနား

ဒူကထောင်ရပ်ကွက်

ကယား

လွိုင်ကော်

လွိုင်ကော်

ကုန်းသာကျေးရွာအုပ်စု

ကရင်

မြဝတီ

မြဝတီ

ဝှေ့ရှမ်းကျေးရွာအုပ်စု

ချင်း

ဟားခါး

ဟားခါး

သီနာမ်ကျေးရွာအုပ်စု

စစ်ကိုင်း

တမူး

တမူး

ဟဲဇင်းကျေးရွာအုပ်စု

တနင်္သာရီ

‌ထားဝယ်

ထားဝယ်

မောင်မယ်ရှောင်ကျေးရွာအုပ်စု

ပဲခူး

‌ပဲခူး

ရွှေကျင်

ကန်ဘေးအိုင်ကျေးရွာအုပ်စု

မကွေး

မကွေး

မကွေး

ကန်ပြားကျေးရွာအုပ်စု

မန္တလေး

မန္တလေး

ချမ်းအေးသာဇံ

ပတ်ကုန်းဝန်းကျင်ရပ်ကွက်

၁၀

မန္တလေး

ပြင်ဦးလွင်

မိုးကုတ်

ဘောလုံးကြီးကျေးရွာအုပ်စု

၁၁

မွန်

‌မော်လမြိုင်

‌မော်လမြိုင်

ဖားအောက်ကျေးရွာအုပ်စု

၁၂

မွန်

သထုံ

ကျိုက်ထို

ကော့ထင်းကျေးရွာအုပ်စု

၁၃

ရခိုင်

စစ်တွေ

စစ်တွေ

နာရီကန်ကျေးရွာအုပ်စု

၁၄

ရန်ကုန်

ရန်ကုန်(‌မြောက်ပိုင်း)

‌ရွှေပြည်သာ

အမှတ် (၁၀) ရပ်ကွက်

၁၅

ရန်ကုန်

ရန်ကုန်(အနောက်ပိုင်း)

လမ်းမတော်

အမှတ် (၅) ရပ်ကွက်

၁၆

ရှမ်း (တောင်)

‌တောင်ကြီး

‌ညောင်ရွှေ

ခေါင်တိုင်ကျေးရွာအုပ်စု

၁၇

ရှမ်း (အရှေ့)

တာချီလိတ်

တာချီလိတ်

တာလော့ရပ်ကွက်

၁၈

ရှမ်း (မြောက်)

မူဆယ်

မူဆယ်

နမ့်ပန်းကျေးရွာအုပ်စု

၁၉

ဧရာဝတီ

‌မြောင်းမြ

‌မြောင်းမြ

မုဆိုးကွင်းကျေးရွာအုပ်စု

၂၀

ဧရာဝတီ

ပုသိမ်

ငပုတော

ကညင်ငူကျေးရွာအုပ်စု

 

စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အချိန်ဇယားမှာ ‌အောက်ပါအတိုင်းဖြစ်ပါသည်-

စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအချိန်ဇယား

စဉ်

အကြောင်းအရာ

စတင်သည့်ရက်

ပြီးဆုံးသည့်ရက်

စမ်းသပ်သန်းခေါင်စာရင်းစီမံချက်ပြုစုခြင်း၊

၁-၁၀-၂၀၁၂

၃၁-၁၀-၂၀၁၂

မြေပုံရေးဆွဲခြင်း

၂၄-၉-၂၀၁၂

၁၄-၂-၂၀၁၃

အစည်းအဝေးများပြုလုပ်ခြင်း

၅-၁၀-၂၀၁၂

၂၀-၃-၂၀၁၃

‌မေးခွန်းပုံစံများပြုစုခြင်း၊ ပုံနှိပ်ခြင်း

၁-၈-၂၀၁၂

၃၁-၁-၂၀၁၃

ပြည်တွင်းပြည်ပအလှူရှင်များနှင့်တွေ့ဆုံခြင်း

၁-၁၀-၂၀၁၂

၃၁-၁-၂၀၁၃

သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း

၂၂-၉-၂၀၁၂

၂၁-၃-၂၀၁၃

အဆောက်အဦဆောက်လုပ်ခြင်း

၁-၉-၂၀၁၂

၃၁-၃-၂၀၁၃

စက်ပစ္စည်းများမှာယူတပ်ဆင်ခြင်း

၁-၈-၂၀၁၂

၃၁-၁-၂၀၁၃

စာရင်းစစ်/စာရင်းကောက်များခန့်ထားခြင်း

၁-၁၂-၂၀၁၂

၃၁-၃-၂၀၁၃

၁၀

စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း

၃၀-၃-၂၀၁၃

၃၀-၄-၂၀၁၃

၁၁

စာရင်းဇယားပြုစုခြင်း

၁-၅-၂၀၁၃

၃၀-၆-၂၀၁၃